" ကာရံမဲ့ နာရီသံလေးများမှ "
...နုနယ်တဲ့ ကမူးရှုးထိုး မျှော်လင့်ခြင်းမှာ
စွန်းပေခဲ့တဲ့ ခြေဦးတည်ရာ လေလွှင့်ခြင်းတွေ
ကြားလိုက်မိတဲ့ နာရီစည်းချက်သံလေး..
ဝေးခဲ့ပြီတဲ့ကွယ်......။
...နှစ်ခြိုက်ခဲ့တဲ့...ပန်းစပယ်လေးရယ်
နမ်းရှိုက် အားဖြည့်လို့ ခရီးဆက်မယ် ပြင်တုန်းပဲ
လက်မကမ်းခင် ရှောင်ဖယ်တိမ်းလို့
တစ်ယောက်သောသူ အတွက် ယိမ်းခဲ့ပြီလားကွယ်.....။
...ဝေခွဲမရတဲ့ ခံစားချက်နဲ့ နပန်းလုံးရင်း
ဟာတာတာ နှလုံးသားကို အိပ်ဆေးတိုက်လို့
ဝေးသထက်ဝေးအောင် လွှင့်ပစ်မိတယ်
ပြန်ချိန်ရောက်မှ ပြန်ခဲ့ကွယ်......။
... အခုတော့ ...ထုံဆေးလည်းထိ အိပ်ဆေးလည်းမိထားတဲ့
နှလုံးသားနဲ့ ချစ်ခြင်းတရားကို ခံစားကြည့်တော့
ငါ ဟာ ကျောက်ရုပ်လို ဖြစ်ခဲ့ပြီပေါ့.......။
... ပန်းလေးတွေရဲ့ အလှတရားကို ပြန်လည်ခံစားဖို့
ကျောက်သား ရင်ဘတ်ထဲက ကြင်နာခြင်းတွေ
ညှစ်ချလို့ အားမွေးနေရတယ်....။
... အတွေးလွန်တဲ့ အသိက နှလုံးသားကို
ဘောင်ထဲပါ ထည့် သော့ နဲ့ ပါခတ်ထားလိုက်တယ်....။
... ဒီလိုနဲ့ ...အသံကြားရာ နားစွင့်မိတယ်
မင်း သိခဲ့တာ ကျန်ခဲ့ပြီတဲ့.....နာရီစည်းချက်...လိုပဲတဲ့...။
... ကြား...ကြားမိနေတဲ့ နာရီစည်းချက်တွေထဲ
ရွက်နုတွေလဲ... ရင့်ရာမှ ၀ါလို့ကြွေ....
နုနယ်ခြင်းတွေလဲ...တမျိုးမျိုးနဲ့ ရင့်ကျက်လို့နေ.....။
... အရိပ်တွေလဲ ... မြေခလို့ အတိတ်မှာမြန်း...
ပန်းတွေလဲ နွမ်း...စမ်းတွေလဲ ခမ်း...
မနက်ခင်းတိုင်းရဲ့ မနက်ဖြန်တိုင်းမှာ
နုပျိုခြင်းတွေ အစားထိုးလို့ ....လန်းနေခဲ့ပြီ........။
.... လိုချင်ခဲ့တဲ့ ... ကြင်နာခြင်း ခံစားချက်လဲ
နာရီစည်းချက်သံထဲ .... ပျောက်ကွယ်.....
အတိတ်က...အရိပ်တွေလဲ အိမ်မက်ထဲက
ကြည့်ရတဲ့ ပန်းချီကားပမာ...ဝေေ၀၀ါးဝါး ကျန်နေခဲ့ပြီ.......။
... ပုံမှန်မဟုတ်ခဲ့တဲ့ ... လျှောက်လှမ်းဆဲနေ့တွေဟာ
နေ၀င်ချိန် ... အိမ်ပြန်ငှက်တွေနဲ့ အတူ
အိပ်စက်...နေခဲ့ပြီ...
မနက် မိုးသောက် ရောင်နီလာချိန်အထိ တိုင်အောင်ပေါ့.......။
.... ဒီလို ...ဒီလိုနဲ့ပဲ
မြူနှင်း ၊ မိုးစက် ၊ ပူလောင်ခြင်းတွေကြား
နေ၀င် နေထွက် ... နာရီသံစည်းချက်များထဲ
... ကာရံ...ကာရန်... ကာရံ...
တွေကို ရှာဖွေလို့ ..... ရှာနေမိတော့......။
.... သတိလက်လွတ်နဲ့ ... ငါ...
ခလုတ်တိုက်လို့ ..... ကြည့်မိတယ်....
.... ယခု အချိန် ပစ္စုပ္ပန်ကို ပြပေးနေတဲ့ ....ကာရံမဲ့ နာရီလေးပဲပေါ့......။
(2.9.2007) မှ......
ကျွန်တော်က လူငယ်တစ်ယောက်ဆိုတော့ ခံစားချက်ကိုတော့ ကဗျာ စပ်တတ်ခဲ့ ပါတယ် .... ကာရံ ညီမညီတော့ မသိဘူးပေါ့ဗျာ... ဒါပေမဲ့ ကျွန်တော် သတိပြုမိခဲ့တယ် ကုန်လွန်ခဲ့တဲ့ အချိန်တွေအကြောင်းပေါ့ ... ဒါကြောင့် ကျွန်တော် ရှေ့ပဲ ဆက်တော့မယ် ... နောက်ပြန်မကြည့်တော့ဘူး...
No comments:
Post a Comment