Saturday, October 6, 2012

Four Wives In Our Lives (ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်)
ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်

ဟိုး ရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ မိဘုရား လေးဦး ရှိသတဲ့။
အားလုံးထဲမှာ အငယ်ဆုံး၊ အချောဆုံး မိဘုရားငယ်လေးကို ဘုရင်ကြီးက

အချစ်ဆုံးပေါ့။ အကောင်းဆုံး၊ အလှဆုံး၊ တန်ဖိုး အကြီးဆုံး ဆိုတဲ့

အ၀တ်အစား မှန်သမျှကို ဆင်ပေးပြီး ဖူးဖူးမှုတ် ထားတာပေါ့။
ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကိုလဲ တော်တော်ချစ်တယ်။

တိုင်းခန်းလှည့်လည်တိုင်း၊ တစ်ခြား တိုင်းပြည်တွေ အလည်အပတ်

သွားတိုင်း အတူ ခေါ်သွားလေ့ ရှိတယ်။ ဒါပေမဲ့ ဘုရင်ကြီးက အဲ့ဒီ

တတိယမိဘုရား သူ့ကို ထားရစ်ပြီး တစ်ခြား ထွက်သွားမှာကို အမြဲ စိုးရိမ်

ကြောင့်ကျ နေရတယ်။
ဘုရင်ကြီးက သူ့ရဲ့ ဒုတိယမိဘုရား ကိုလဲ ချစ်ရှာပါတယ်။ သူမက သူ့ရဲ့

ယုံကြည်မှုပဲ။ ဒုတိယမိဘုရားက ဘုရင်ကြီးကို ကြင်နာယုယ သလို

နားလည်သည်းခံမှု အပြည့်နဲ့ ချစ်ရှာတယ်။ ဘုရင်ကြီး အခက်အခဲတွေ

ကြုံတိုင်း ဒုတိယမိဘုရားကို အမြဲ ရင်ဖွင့် တိုင်ပင်လေ့ ရှိသလို

ဒုတိယမိဘုရားကလည်း နှစ်သိမ့်အားပေးရင်း ဒုက္ခတွေကို အတူ ရင်ဆိုင်

ဖြေရှင်း ပေးတတ်တယ်။
ဘုရင်ကြီးရဲ့ ပထမမိဘုရား ကတော့ ဘုရင်ကြီးအပေါ် အင်မတန်မှ

သစ္စာရှိ သလို တိုင်းပြည်ရဲ့ ကြွယ်ဝ ချမ်းသာမှု၊ ငြိမ်းအေးသာယာမှုကို

ထိန်းသိမ်း စောင့်ရှောက်ပေးသူ ဖြစ်တယ်။ ဒါပေမဲ့ ဘုရင်ကြီးက

ပထမမိဘုရားကို မချစ်ဘူး။ ပထမမိဘုရားက ဘုရင်ကြီးကို

ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ချစ် ဘုရင်ကြီးက ဘယ်တော့မှ

အသိအမှတ် ပြုလေ့ မရှိဘူး။
တစ်ချိန်တော့ ဘုရင်ကြီးက အသဲအသန် နာမကျန်း ဖြစ်တယ်။

သူ့ဘ၀ရဲ့ နောက်ဆုံးအချိန် ရောက်ပြီ ဆိုတာ သိတော့ သူ့ဘ၀ရဲ့

ပျော်ရွှင်ဖွယ်ရာ နေ့တွေကို ပြန်သတိရတယ်။ ငါ့မှာ မိန်းမ

လေးယောက်ရှိပေမဲ့ သေရင် ငါတစ်ယောက်ထဲ ပါလား လို့လဲ

တွေးမိတယ်။
ဒါနဲ့ သူအချစ်ဆုံး မိဘုရားငယ်လေးကို ခေါ်ပြီး မေးတယ်။
မင်းကို ငါအချစ်ခဲ့ဆုံးပဲ။ ကောင်းပေ့၊ ညွန့်ပေ့ ဆိုတဲ့ အ၀တ်အစား၊ အသုံး

အဆောင် မှန်သမျှ ငါဆင်ပေးပြီး စောင့်ရှောက်ခဲ့တယ်။ အခုတော့ ငါ

သေရတော့မယ်။ ငါသေတဲ့အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ်

ပေးနိုင်မလား မေးတော့ မိဘုရားငယ်လေးက
လုံးဝ မလိုက်ပေးနိုင်ဘူး အဲ့ဒီလို ခပ်ပြတ်ပြတ် ပြောပြီး အဝေးကို

ထွက်သွားခဲ့တယ်။ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ဓားထက်ထက်နဲ့

အမွှန်းခံရသလို ခံစားရတာပေါ့။
ဝမ်းနည်းနေတဲ့ ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကို

ခေါ်ပြီးမေးပြန်တယ်။
ငါ့ဘ၀ တစ်ခုလုံးအတွက် မင်းကို ချစ်ခဲ့တယ်။ အခုလို ငါ သေရတော့မဲ့

အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
မလိုက်ပေးနိုင်ပါဘူး၊ ဘ၀က ပျော်စရာ ကောင်းတယ်။ ရှင် သေတဲ့အခါ

ကျွန်မက နောက်တစ်ယောက် ထပ်ပြီး ယူမှာပေါ့
အဲ့ဒီ အဖြေစကား ကြားရတော့ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို

ရေထဲဆွဲနှစ် ခံရသလို အေးစက် ထုံကျင်နေအောင် ခံစားရရှာတယ်။
ဒါနဲ့ ဘုရင်ကြီးလဲ ဒုတိယမိဘုရားကို ခေါ်ပြီးမေးပြန်တယ်။
ငါ အကူအညီ လိုတဲ့ အခါတိုင်း မင်းက ငါ့အတွက် အမြဲ အဆင်သင့်

ရှိပေးခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ်

ပေးနိုင်မလား
ကျွန်မ စိတ်မကောင်းပါဘူး၊ ဒီတစ်ခုကို မကူညီနိုင်တာတော့ ခွင့်လွှတ်ပါ။

ရှင့်ရဲ့ ဈာပနကိုတော့ ကျွန်မ သေချာ လိုက်ပို့ပေးမှာပါ။
ဒုတိယမိဘုရားရဲ့ အဖြေစကားက ကောင်းကင်ပေါ်က

လျှပ်စစ်မိုးကြိုးသွား တစ်စင်းလို ဘုရင်ကြီးကို အထိ နာသွားစေပါတယ်။

ဘုရင်ကြီးရဲ့ မျှော်လင့်ချက်တွေ အားလုံး ပျက်စီးကုန်ပါပြီ။ သူ အင်မတန်

ချစ်မြတ်နိုးလှတဲ့ သူတွေ အားလုံးက ဒီတစ်ခါမှာတော့ သူ့ ဆန္ဒကို

ဘယ်သူမှ မဖြည့်ဆည်း ပေးနိုင်ကြတော့ ပါဘူး။
ရှင်ဘယ်ကို သွားသွား၊ ဘာပဲ ကြုံရကြုံရ၊ ရှင်နဲ့အတူ ကျွန်မ လိုက်ခဲ့မယ်။
စိတ်ဓာတ်တွေကျပြီး ခေါင်း ငိုက်စိုက် ကျနေတဲ့ ဘုရင်ကြီး ဟာ

ရုတ်တရက် ထွက်လာတဲ့ စကားသံကြောင့် ခေါင်းမော် ကြည့် လိုက်တော့

သူ့ရဲ့ ပထမမိဘုရား ဖြစ်လို့ နေတယ်။ သူမက ဘုရင်ကြီးရဲ့ ပစ်ပယ်

ထားမှု တွေကြောင့် ညှိုးဖျော့ ပိန်လှီလို့ နေတယ်။
ငါ့မှာ အခွင့်အရေးတွေ ရှိနေ ခဲ့တုန်းက မင်းကို ကောင်းကောင်းမွန်မွန်

စောင့်ရှောက်ခဲ့ သင့်တယ်။
အင်မတန်မှ စိတ်သက်သာရာ ရသွားတဲ့ ဘုရင်ကြီးက အဲ့ဒီလို မချိတင်ကဲ

ရေရွတ်လိုက် မိပါတယ်။ နောင်တတွေလဲ ရ လို့ပေါ့။

အမှန်တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀မှာ ကြင်ယာဘက်

မိန်းမ လေးယောက်စီ ရှိကြပါတယ်။

စတုတ္ထမြောက် မိန်းမက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် နဲ့ တူပါတယ်။

အချိန်နဲ့ ငွေကြေးတွေ ဘယ်လောက်ပဲ အကုန်အကျ ခံပြီး

ကြည့်ကောင်းအောင် ဘယ်လောက် ဂရုစိုက်စိုက်၊ ဒီ ခန္ဓာကိုယ်ကြီးက

ကျွန်တော်တို့ သေဆုံးချိန်မှာ ထားရစ်ခဲ့ မှာပါဘဲ။
တတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှု၊ စည်းစိမ်နဲ့

ဂုဏ်ပကာသန ဖြစ်ပါတယ်။ ကျွန်တော်တို့ သေဆုံးချိန်မှာ

ဒါတွေအားလုံးဟာ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားပါလိမ့်မယ်။
ဒုတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ မိသားစု၊ ဆွေမျိုး

အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေပေါ့။ ဘယ်အချိန်

ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ကိုယ်လိုအပ်ချိန်မှာ အတူရှိနေ ပေးနိုင်ပေမဲ့

ဒါဟာ ကိုယ် သင်္ချိုင်းမြေပေါ် ခြေမချခင် အချိန် အတိုင်းအတာ

တစ်ခုထိဘဲ ဖြစ်နိုင်ပါ လိမ့်မယ်။
ပထမ မိန်းမကတော့ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ် ပါပဲ။ လောကကြီးမှာ

ငွေကြေး စည်းစိမ်ဥစ္စာ၊ အာဏာနဲ့ ပျော်ရွှင်မှု တွေနောက် လိုက်ရင်း

သူ့ကို ကျွန်တော်တို့ မေ့လျှော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့

ဘယ်သွားသွား ဘာလုပ်လုပ် ဒီ စိတ်ဝိဥာဉ်က ကျွန်တော်တို့နဲ့ အမြဲ

ရှိနေခဲ့ ပါတယ်။ ဘုရင်ကြီးလို အချိန် မနှောင်းခင်မှာ မဆုံးသေးတဲ့

ဘဝခရီးတွေ အတိုင်း အမြဲ ကိုယ်နဲ့ မခွဲတမ်း သေတစ်ပန် သက်တစ်ဆုံး

အတူ ရှိနေတဲ့ စိတ်ဝိဥာဉ်ကို ခွန်အား အပြည့် ရှိအောင် ပြုစု ပျိုးထောင်ပြီး

ချစ်ခင် မြတ်နိုးစွာ စောင့်ရှောက်တတ်ဖို့ လိုပါတယ်။

ကိုယ့် ခန္ဓာကိုယ် ကို ကျန်းမာအောင် ပြုစု စောင့်ရှောက်ပါ။ ဒါမှ ဘဝရဲ့

အနှစ်သာရကို အပြည့်အဝ ခံစားနိုင် ပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့

ပိုင်ဆိုင်မှုနဲ့ သက်တောင့်သက်သာ ရှိမှု အပေါ် ကျေနပ်ပါ။ ကိုယ့်

မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်း တွေဆီက

ရတဲ့ ချစ်ခြင်းမေတ္တာတွေကို လေးစား တန်ဖိုးထားပါ။ ကြင်နာ မြတ်နိုးစွာ

တုန့်ပြန် ပြုစု စောင့်ရှောက်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ဝိဥာဉ် ကို အဟာရ

ပြည့်ဝအောင် ဂရု စိုက်ဖို့ မမေ့လျှော့ ပါနဲ့။ ဒါဟာ ကျွန်တော်တို့

အားလုံးရဲ့ ဘဝ အရင်းခံ ရေသောက်မြစ် ဖြစ်သလို ဘဝ တစ်သက်လုံး

အတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်း တစ်ဦးလဲ ဖြစ်ပါတယ်။

ကမ္ဘာလောကကြီးက သင့်ကို ဒူးထောက် လဲကျအောင် လုပ်တဲ့ အခါတိုင်း

ဘုရားကို ဝတ်ပြု ဆုတောင်းဖို့ အသင့်တော်ဆုံး အခွင့်ရေး ပေးထားတယ်

ဆိုတာ သတိရပါ။

No comments:

Post a Comment