Saturday, October 6, 2012

ဒုက္ခသစ်ပင်

ဒုက္ခတွေကို အိမ် မသယ်နဲ့- ဒုက္ခသစ်ပင်

ကျွန်တော့် လယ်ထဲက အိမ်ကလေးကို ပြုပြင် မွန်းမံဖို့ လက်သမား

တစ်ယောက်ကို ခေါ်လိုက်တယ်။ စစချင်း တစ်ရက်မှာပဲ အခြေခံ အလုပ်

တော်တော်များများ ပြီးသွား ခဲ့ပြီ။ ဒါတောင် ပြားကပ်နေတဲ့ သူ့

ကားတာယာကို ပြင်နေရတာ တစ်နာရီလောက် အချိန် ပုပ်သွားပေလို့။

အခုတော့ သူ့ရဲ့ အိုဟောင်းနေတဲ့ ပစ်ကပ်ကားလေးက စက်စ နှိုးဖို့

ငြင်းဆန် နေပြန်ပြီ။
ဒါနဲ့ ကျွန်တော်လဲ သူ့ကို ကျွန်တော့်ကားနဲ့ ပြန်လိုက်ပို့ပေးတော့ သူက

ကျောက်တုံးကြီး ချထားသလို တိတ်တိတ် ဆိတ်ဆိတ် ထိုင်ပြီး လိုက်လာ

ခဲ့တယ်။ သူ့အိမ်ကို ရောက်တော့ သူ့မိသားစုနဲ့ မိတ်ဆက်ပေးချင်တယ်

ဆိုတာနဲ့ ကျွန်တော်လဲ သူ့အိမ်ထဲ လိုက်သွားတယ်။ အိမ်တံခါးဝဆီကို

လျှောက်နေတုန်း သူ့အိမ် အဝင်လမ်းကလေးရဲ့ ဘေးက သစ်ပင်တစ်ပင်

အနားရောက်တော့ သူက သစ်ကိုင်းတစ်ကိုင်းကို လက်နှစ်ဘက်နဲ့

ဆုပ်ကိုင် ဆွဲယူပြီး မျက်စိတွေကို မှိတ်ထားလိုက်ရင်း အသက်ကို

တစ်ဝကြီး ခပ်ပြင်ပြင်း ရှူလိုက်သေးတယ်။
သူ့အိမ်တံခါးကို တွန်းဖွင့်ပြီး စဝင်ကတည်းက သူ့မျက်နှာက

အစောနကလို မဟုတ်တော့ဘူး။ အံ့ဩစရာ ကောင်းလောက်အောင်ကို

ပြောင်းလဲသွားတယ်။ စိတ်ရှုပ်ထွေးနေတဲ့ သူ့မျက်နှာက ခုတော့ ပြုံးရွှင်

ချိုမြလို့။ သူ့ ခလေးလေး နှစ်ယောက်ကို ဖက်ပွေ့ နှုတ်ဆက်တယ်။

ပြီးတော့ သူ့မိန်းမကို အနမ်း တစ်ပွင့်နဲ့ နှုတ်ဆက် လိုက်သေးတယ်။ သူ

ကျွန်တော့် ကားနားကို ပြန်လိုက်ပို့တော့ သိချင်စိတ်ကို ဘယ်လိုမှ

ချုပ်တည်းလို့ မရတော့ဘူး။ ဒါနဲ့ လတ်တလော တွေ့မြင် လိုက်ရတာ

တွေကို မေးကြည့်မိတယ်။
"အိုးဟိုး၊ ဒါက ငါ့ရဲ့ ဒုက္ခ သစ်ပင်ပေါ့" သူအိမ်အဝင် မှာတုန်းက

ဆွဲကိုင်ခဲ့တဲ့ သစ်ပင်ကို ညွှန်ပြတယ်။
"ငါ့ အလုပ်မှာ အဆင်မပြေမှုတွေ၊ ဒုက္ခတွေနဲ့ မလွဲမရှောင်သာ ကြုံရမယ်

ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုက အဲ့ဒီ ဒုက္ခတွေ၊

အဆင်မပြေမှုတွေက အိမ်မှာရှိတဲ့ ငါ့မိန်းမ၊ ခလေးတွေနဲ့ ဘာမှ

မဆိုင်ဘူးလေ။ ဒါကြောင့် ငါ အိမ်ကို ပြန်လာတိုင်း အဲ့ဒီ ဒုက္ခတွေကို ဒီ

ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲ ချန်ထားခဲ့ပြီးမှ အိမ်ထဲ ငါဝင်တာ။ ပြီးတော့

မိုးလင်းလို့ ငါ အလုပ် သွားပြီ ဆိုရင် အဲ့ဒီ ဒုက္ခတွေကို ငါ

ပြန်သယ်သွားတယ်။ ရီစရာ ကောင်းတာ တစ်ခုက..." သူက တစ်ချက်

ပြုံးလိုက်ရင်း ဆက်ပြောတယ်။
"ငါ အိမ်အပြင်ရောက်လို့ ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အဲ့ဒီ

ဒုက္ခတွေကို ပြန်ကောက် ယူလိုက်ရင် မနေ့ညက ငါ

ချိတ်ဆွဲထားသလောက် သူတို့က ကျန်မနေတော့ဘူး။ တစ်ခါတစ်ခါဆို ဒီ

ဒုက္ခ သစ်ပင်မှာ ဘာဒုက္ခမှကို ကျန်မနေခဲ့တော့တာ"
အမြဲ သတိရနေရမှာက....
"ပူပန်သောက ဆိုတာ လှုပ်နေတဲ့ ခုံတစ်လုံးနဲ့တူတယ်။ သူက ကိုယ့်ကို

လှုပ်ရှားနေဖို့၊ အငြိမ်မနေဖို့ အလုပ် တစ်ခုခုတော့ ပေးထားမယ်။ ဒါပေမဲ့

ဘယ်တော့မှ အကျိုးရှိတဲ့ ရလာဒ်ကို မပေးဘူးလေ။"

No comments:

Post a Comment