Saturday, October 6, 2012

အချစ်ဆိုသည်မှာ - - -

အချစ်ဆိုသည်မှာ - - -

> ကိုယ့်ဖက်က  အရမ်းချစ်သလောက် သူ့ဖက်က ပြန်မချစ်သည့်အခါ

အရမ်းခံရခက်သည်ဟု လူအများက  လက်ခံထားကြလေသည် ။

လုံးဝလွဲမှားနေသည် ။ သူ့ဖက်က ပြန်ချစ်သည်မချစ်သည်မှာ သူ၏ 

စိတ်ခံစားချက် သူ့အပိုင်းသာဖြစ်ပြီး ကိုယ့်ဖက်က သူ့ကို ချစ်နေဖို့သာ

အဓိက  ကျနေသည်မဟုတ်လား ။

> ကိုယ်က ချစ်တယ်ဟု ဖွင့်ပြောပြီးသည့်အခါ

ဘယ်တော့အဖြေပေးမှာလဲဟုတောင်းခံကြခြင်းမှာလည်း တကယ်တော့

အတော်အူကြောင်ကြောင်နိုင်သောကိစ္စဖြစ်သည် ။ ကိုယ်သူ့ကို

ချစ်တယ်ဟုဖွင့်ပြောခြင်းမှာ ကိုယ်ချစ်နေခြင်းသူသိစေရန်

ဖွင့်ဟ၀န်ခံခြင်းသက်သက်ပင်ဖြစ်သည် ။ သူ့ဆီက အဖြေလိုချင်သည်

ထိုအဖြေမှာလည်း ချစ်တယ်ဆိုသည့်အဖြေဖြစ်ပြီး

သူပြန်ချစ်တာကိုပြန်လိုချင်သည်မှာတော့ ကိုယ်၏အတ္တ

သက်သက်သာဖြစ်သည်မဟုတ်ပါလား ။

> တကယ့်အချစ်စစ်ဆိုသည်မှာ
တစ်မိုးအောက်ထဲတွင် သူရှိနေတယ်ဆိုသည့်အသိ ၊ သူလည်းငါ့လိုပဲ

ဒီကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်သွားလာနေတယ်ဆိုတဲ့

အသိကလေးနဲ့တင် ရင်ခုန်ကြည်နူးနေရတဲ့

စိတ်ခံစားမှုကလေးတစ်ခုဖြစ်တယ် ။

> အချစ်ဟာ ပူလောင်တယ်ဆိုတဲ့စကားဟာ တကယ့်အချစ်နဲ့

နက်ရှိုင်းစွာ မချစ်ဖူးသူတို့ပြောတာဖြစ်လိမ့်မယ် ။ ပိုင်ဆိုင်ရခြင်း

မပိုင်ဆိုင်ရခြင်း ဝေးကွာခြင်း နီးစပ်ခြင်း စတဲ့

အရှိတရားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ အချစ်ဟာ

ပူလောင်စရာတွေဖြစ်လာတော့တယ် ။ သူနဲ့အတူမနေရလို့

သူနဲ့အတူမပေါင်းရလို့ စသဖြင့် စိတ်ဒုက္ခကြီးစွာ ရောက်ကြရတယ် ။

တကယ်တော့လည်း ပေါင်းစပ်ရခြင်း မပေါင်းစပ်ရခြင်း ဝေးကွာခြင်း

စတာတွေကို အချစ်နဲ့ရောထွေးကြမိလို့ အချစ်ဆိုတာ

ပူလောင်တယ်ဆိုတာ ဖြစ်လာရတယ်မဟုတ်လား ။ အချစ်ကို သူ့ဟာသူ

ထားကြည့်လိုက်ကြစမ်းပါ ။ အေးချမ်းငြိမ်သက်တဲ့ ကြည်နူးလှိုက်မောဖွယ်

စိတ်ဝိဥာဉ်လေးဖြစ်တယ်ဆိုတာ တွေ့လာရပါလိမ့်မယ် ။

>အချစ်ဆိုတဲ့အရာမှာ စေတနာများစွာပါတယ်

ပေးဆပ်ခြင်းများစွာပါတယ် တကယ့်အချစ်စစ်မှာ ရယူလိုမှုဆိုတာမရှိဘူး

လောဘကြီးစွာ တပ်မက်တယ်ဆိုတာလည်းမရှိဘူး ကြိမ်းသေတဲ့

နိယာမတစ်ခုကတော့ “ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို

နစ်နာအောင်မလုပ်ကြဘူး ” နစ်နာအောင် ကိုယ့်ကို နာကျင်အောင်

လုပ်တယ်ဆိုရင်တော့အဲဒီဒါအချစ်စစ်မဟုတ်လို့ပဲ ။ အချစ်ကြီးလို့

အမျက်ကြီးတာပါဆိုတာဟာ တကယ်တော့ အူကြောင်ကြောင်

ဆင်ခြေတစ်ခုသာဖြစ်တယ် ။ တကယ်သာချစ်ကြည့် သူ့ကို

လက်ဖျားနဲ့ထိဖို့မဆိုနဲ့ သူ့အနားရောက်မိရင်ပဲ ကမ္ဘာမြေဟာ

ပန်းတွေပဲပွင့်လာသလိုလို ကိုယ်ဟာ

သီးခြားကမ္ဘာတစ်ခုထဲရောက်သွားသလိုလို ရင်ဟာ

တဒုန်းဒုန်းခုန်လာပြီးခြေဖျားလက်ဖျားတွေအေးစက်လာလေ့ရှိတယ် ။

No comments:

Post a Comment