Thursday, January 26, 2012

လူသားဆန်တယ်ဆိုတာ ဘယ်လိုပါလိမ့် ???

                    လူသားဆန်ခြင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့ ဘယ်လိုသိထားလဲ ပြောပြပေးပါလား ... ကျွန်တော်ကတော့ လူတွေကို မေးကြည့်ဖူးပါတယ် ... ဘယ်လိုမြင်ကြသလဲ ဆိုတာကိုပေါ့ ...
                     အမျိုးမျိုးသော အနက်ဖွင့်ဆိုချက်တွေ ကြားရတယ်ဗျာ ... "ဘယ်သူသေသေ ငတေမာရင်ပြီးရော" ၊ " ကမ္ဘာမီးလောင် သားကောင်ချနင်း " (သားကိုတောင် ချနင်း တာကိုပြောတာပါ) ။ အဒီလို စကားပုံတွေကို ခင်ဗျားရော ဘယ်လိုမြင်ပါသလဲ ခင်ဗျာ ... အဲဒါဟာ လူသားဆန်ခြင်းပါလို့ ယူဆပါသလား ...
                      ပြီးတော့ " မာသာထရီဇာ " တို့  " နိုက်တင်ဂေး "တို့လို ကိုယ်ကျိုးမငဲ့ပဲ လုပ်ခဲ့တာကို လူသားဆန်တယ်လို့ ခေါ်မလား ... ကျွန်တော်က သူတို့အကြောင်းကို စာအုပ်လောက်သာ ဖတ်ဖူးတာ ဆိုတော့ သူတို့ ဖြတ်သန်းခဲ့တဲ့ ဘ၀ဇာတ်ခုံ အဖုံဖုံတော့ သေချာမသိဘူးပေါ့ခင်ဗျာ ....
                     အဲဒါဆို အတ္တကို ဦးစားပေးတာဟာ လူသားဆန်ခြင်းလား ... ပရဟိတကို လုပ်တာဟာ လူသားဆန်ခြင်းလား ... ပရဟိတ နဲ့ အတ္တ ကို ကျွန်တော်တို့တွေ ဘယ်လိုမြင်ကြသလဲ ဆိုတာကလဲ ရှိသေးတယ်ဗျ ... တစ်ချို့ကလဲ ပရဟိတလုပ်တာကို ဘန်းပြပြီး နောက်ကွယ်မှာ လုပ်ချင်တာကို လုပ်ရဖို့ လုပ်နေသူတွေလဲ ရှိရဲ့ ... တစ်ချို့ကတော့ စိတ်ရင်းစေတနာနဲ့ လုပ်နေပေမယ့်လဲ " အကျိုးလိုလို့ ညောင်ပင်ရေလောင်းတယ် " လို့ အပြောခံရတာတွေလဲ တွေ့ဖူးတယ် ခင်ဗျာ ...
                  တစ်ခုပြောချင်တာက " အမြင်ဆိုတာ ကြည့်တဲ့သူပေါ်မှာ မူတည်တယ် "လို့ ကျွန်တော် ထင်တယ် ... အတည့်ထားထားတဲ့ ပစ္စည်းတစ်ခုကို ဇောက်ထိုးလုပ်ပြီး ကြည့်ရင် အတည့် မြင်နိုင်ပါ့မလား ... တစောင်းကြီး ကြည့်ပြန်ရင်ရော ဘယ်လို့ မြင်ရမလဲ ... တစောင်းကြီးပေါ့ဗျာ ... အဲဒါကြောင့်  " ချစ်သော မျက်စိဖြင့်သာ ရှုမြင်ကြပါ "လို့ ဘုရားဟောခဲ့တာ ဖြစ်မယ် ထင်ပါတယ် ... ဘယ်လိုကြည့်သလဲ ဆိုတာကလဲ ရှိပါသေးတယ် ... အကြည့်ဆိုတာ စိတ်ကဖြစ်တာပါလို့ ကျွန်တော် ထင်ပါတယ် ... ခင်ဗျားရော ဘယ်လို ထင်ပါသလဲ ခင်ဗျာ ? ... အကောင်းမြင်စိတ်ကို ပြောချင်တာပါ ... ဒီနေရာမှာ အကောင်းမြင်စိတ်နဲ့ ရောင့်ရဲတင်းတိမ်ခြင်းကို မရောစေချင်ပါဘူး ... ပြောင်းပြန်ဇောက်ထိုးထားထားတဲ့ အရာတစ်ခုကို အတည့်အတိုင်းကြည့်ပေးပါဆိုရင် ခင်ဗျားရော ကြည့်ပေးနိုင်မလား ... အားနာလို့ ဒါမဟုတ် မလွန်ဆန်နိုင်လို့ ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ... ဒါပေမဲ့ ကြာလာရင်တော့ သေချာပါတယ် ခင်ဗျားလဲ လက်ခံပေးဖို့ စိတ်ကုန်လာမှာ ကျိန်းသေတယ် ... ဟုတ်တယ် ဟုတ်.

Friday, January 20, 2012

ကလေးတွေ ဖြူစင်တယ် ဘာကြောင့်လို့ ခင်ဗျားမြင်သလဲ ?

           စိတ်ဆိုတဲ့ အရာဟာ ပကတိ ဖြူစင်တယ်လို့ ဘုရားက ဟောခဲ့တယ် .... ကလေး ၊ လူကြီး ၊ ငါ ၊ သူတစ်ပါး ၊ ယောက်ျား ၊ မိန်းမ သူသူငါငါ အားလုံးပါပဲ ... အဲဒါဆို ကလေးနဲ့ လူကြီး ဘာဖြစ်လို့ ကွဲပြားသွားသလဲ ဆိုရင်- စိတ်ကတော့ ဖြူစင်ဆဲပါပဲလို့ ဆိုနိုင်ပါတယ် ...  ဒါပေမဲ့ ခံစားမှုကတော့ ဖြူစင်တယ်လို့ မဆိုနိုင်တော့ပါဘူး ... ခံစားမှုတွေ ကွာခြားသွားလို့ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ် ... အတွေးအခေါ် ၊ ခံစားမှု ၊ အတွေ့အကြုံကြောင့်လို့ ပြောရင် ပိုမှန်မယ် ထင်တယ် ... စိတ်ခံစားမှု တွေ အရောင်စွန်းနေပေမဲ့ ကျွန်တော်တို့ တွေ ရိုးသားမှု ကိုယ်စီနဲ့တော့ ခရီးဆက်နေကြရတာပဲ မဟုတ်လား ....
                     ကျွန်တော်တို့တွေ အသက်တွေကြီးလာတယ် လောကနိယာမအရ ဆိုပါတော့...ရင့်ကျက်လာတယ်လို့လဲ ဆိုနိုင်ပါတယ် ... ဒါပေမဲ့ ရိုးသားမှုနဲ့ အတူရှင်သန်ခြင်းက အကောင်းဆုံးလို့ ကျွန်တော်တော့ ခံယူထားပါတယ် ... ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် လူကြီးတစ်ယောက်ဖြစ်လာမယ် ... ကျွန်တော် ကလေးတွေကို အမွေတစ်ခုတော့ ပေးခဲ့ချင်ပါတယ် ... ရိုးသားစွာနဲ့ ကြိုးစားရှင်သန်ဖို့ပါ ... လူသားတစ်ယောက်ရဲ့ စိတ်ထားဖြူစင်ရိုးသားခြင်းကိုတော့ ကျွန်တော်လဲ သင်ယူနေသူတစ်ယောက်အနေနဲ့  သူတို့ကို လဲပဲ ပြန်ပြီးလက်ဆင့်ကမ်း သွန်သင်နိုင်မယ်လို့ ကျွန်တော်ယူဆပါတယ် ...
                        ဒီနေရာမှာ  ရိုးသားခြင်း နဲ့ ရိုးအခြင်း ဟာ မတူဘူးဆိုတာတော့ ကျွန်တော် ပြောချင်ပါတယ် ... မိမိ၏ ရိုးသားခြင်းဟာ မိမိကိုယ်ကို မိမိ လေးစားခြင်း ဖြစ်တယ် ... မိမိကိုယ်ကို လေးစားခြင်းဟာ တစ်ပါးသူကို လေးစားခြင်းကို ဖြစ်စေတတ်ပါတယ် ... ကိုယ့်ကိုကိုယ်လေးစားသူဟာ သူတစ်ပါးကိုလဲ လေးစားတတ်သူ ဖြစ်လိမ့်မယ် လို့ကျွန်တော် ထင်ပါတယ် ...
                    ...  ပြီးတော့  ကျွန်တော်က အစစ်အမှန်ကိုပဲ သဘောကျတယ် ...ကျွန်တော် ဒီလိုပြောလို့  ဘယ်သူကများ အမှန်အကန်မဟုတ်တာကို သဘောကျကြလို့လဲလို့ ပြန်မေးစရာရှိပါတယ် ... ကျွန်တော်ပြောသလိုပဲ ကလေးဆိုတာ တစ်ချိန်ကျရင် လူကြီးဖြစ်လာမှာဆိုတော့ ကျွန်တော်တို့တွေက မရိုးမသားနဲ့ နေထိုင်ပြုမူနေမယ်ဆိုရင် သေချာပါတယ် ... သူတို့တွေလဲ ကျွန်တော်တို့လို မရိုးမသားနဲ့ ပေတေတေ ဂွကျကျကောင်လေးတွေ ဖြစ်လာလိမ့်မယ်ဆိုတာ ကျိန်သေပါတယ် ... ဒီနေရာမှာ IQ ပိုင်းကို ခဏဘေးဖယ်ထားပါအုံး ... မိမိကိုယ့်ကိုလေးစားတတ်ဖို့ IQ လိုသေးလို့လား .... လိုကောင်းလိုပါလိမ့်မယ် ... ကျွန်တော်အရှေ့မှာ ပြောခဲ့ သလိုပဲ life Style နဲ့ ဆိုင်မယ်ဆိုရင် ခဏတော့ ဘေးပို့ထားပါအုံး ....
                              ကျွန်တော်ပြောချင်တာက ဒီနေရာမှာ ရိုးသားခြင်း နဲ့ ရိုးအခြင်းအပေါ် လူတွေအမြင်ကို ပြောချင်ပါတယ် ... ဘယ်လိုကြောင့် ဖြစ်တတ်သတုန်း ဆိုရင် တန်ဖိုးထားတတ်မှု ပေါ်မှာ မူတည်လိမ့်မယ်လို့တော့ ကျွန်တော် မြင်တယ် ... ရိုးသားမှုဂုဏ် စားမကုန်လို့ တစ်ချို့ကတော့ ရိုးသားမှုကို ဂုဏ်တင်ပေးကြပေမဲ့ ရိုးလွန်တော့ အတယ်လို့ အချို့က ဆိုကြပြန်ရော ... ရိုးသားခြင်းက တစ်ခါတစ်လေ အခွင့်အလမ်းကောင်းတွေ ကို လက်လွှတ်စေတယ် ...သူ့အပေါ်သူ ဖျံကျနိုင်ပါမှ တန်ကာကျမယ် လို့ပြောတဲ့ သူက ပြောကြပြန်ရော ...  ရိုးရိုးသားသားလုပ်နေရင် ဒီခေတ်ကြီးမှာ မဖြစ်ဘူးရယ်လို့ ဆိုတဲ့သူတွေကလဲ ဆိုကြပါတယ် ... အဲဒီလို ခင်ဗျားလဲ ကြားဖူးမှာပါ ... တစ်ခါတစ်လေ ခင်ဗျား ကိုယ်တိုင်လဲ အဲဒီအပြောကို လက်ခံမိသွားမိတယ် မဟုတ်လား ...  ကျွန်တော်တို့ တန်ဖိုးထားမှုဟာ Mental  ပိုင်းသာ ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ... စိတ်ပိုင်းဆိုင်ရာ ရိုးသားခြင်းနဲ့ အတွေးအခေါ် ထက်မြက်ခြင်းဟာ  ပူးတွဲရှိသင့်တယ်လို့ ကျွန်တော် မြင်ပါတယ် ... ဒီလိုမဟုတ်ပဲကျွန်တော်တို့ရဲ့ တန်ဖိုးထားခြင်းဟာ Physical ပိုင်း ရုပ်ဝတ္ထုပိုင်းပဲ ဖြစ်နေမယ် ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ဖြူစင်ခြင်းဟာ နေထိုင်မှုစရိုက်ပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ် ... ဘယ်လိုဖြစ်နိုင်မလဲ ဆိုရင် စိတ်ထားရိုးသားခြင်းဆိုတဲ့အရာဟာ  ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေရဲ့ စိန်ခေါ်မှုကိုတော့ ခံနေရမှာပဲ ... ကိုယ့်အကြိုက် ကိုယ်တန်ဖိုးထားရာတွေနဲ့ ရှင်သန်နေထိုင်ကြရမှာပဲ မဟုတ်လား ဗျာ ... ကိုယ်ကြိုက်ရာ ကိုယ်ကောင်းကြတာပဲ မဟုတ်လားဗျာ ... ကျွန်တော်ပြောတဲ့ ပုံပြင်လေးကို သိသလား မသိဘူး ခင်ဗျ ... ဒီလိုဗျ....တစ်ခါတုန်းက သူဌေးသားတစ်ယောက်ရှိသတဲ့ သူက ကျောင်းသား ပြီးတော့ ငွေကြေးချမ်းသာ ပြည့်စုံတော့ အရမ်းကို မော်ကြွားမောက်မာပါသတဲ့ ... ကိုယ်ချင်းစာတရားဆိုတာတော့ ရှိဖို့ ဝေလာဝေးဆိုပဲ ... ငယ်သူတွေကို အနိုင်ကျင့်ပြီး ရွယ်တူတွေနဲ့ ရန်ဖြစ်နေကြတဲ့  ... တစ်နေ့တော့ ဈေးဗန်းလေး ခေါင်းရွက်ပြီ လည့်ရောင်းတဲ့ ကောင်မလေးငယ်ငယ်တစ်ယောက် ကျောင်းရှေ့ကို ဈေးလာရောင်းသတဲ့ ... သူကတော့ အမြဲတမ်း သူများကို လက်နဲ့ မဟုတ်ရင်  ပါးစပ်နဲ့ အနိုင်ကျင့်နေကျဆိုတော့ ဒီလိုပြောသတဲ့ဗျာ " ဟဲ့ ကောင်မလေး နင်ရောင်းတဲ့ မုန့်က ပူနွေးပြီး အရသာကောင်းတယ်သာ ပြောတယ် ... ငါ့ အမြင် ခွေးချေးလောက်တောင် ကောင်းမယ် မထင်ဘူး" လို့ပြောတော့ ကောင်မလေးက ပြန်ပြီး ရန်မလုပ်ပဲ ဒီစကားလေး တစ်ခွန်းပဲ ပြန်ပြောပါသတဲ့ " အဲ့ဒါကတော့ အစ်ကိုရယ် ကိုယ်ကြိုက်တာကိုတော့ ကိုယ်ကောင်းတယ် ထင်ကြတာပဲ" တဲ့ ခင်ဗျာ ....
                            တစ်ချို့ကတော့ ပြောကြပါသေးတယ် ... ဒီဘ၀မှာ လူရယ်လို့ ဖြစ်လာပြီး မှတော့ လူသားဆန်ဆန် နေထိုင်ရမှာ ပေါ့တဲ့ ခင်ဗျာ .... ဒီနေရာမှာ သူတို့တွေက လူသားဆန်ခြင်းကို ဘယ်လို အဓိပ္ပာယ် ဖွင့်လဲတော့ ကျွန်တော်နားမလည်နိုင်ဘူး ခင်ဗျာ ... (လူသားဆန်ခြင်းအပေါ် အမြင်ကို နောက်မှပဲ )...

Thursday, January 19, 2012

မသိခြင်းမှ သိခြင်းဆီသို့

မသိခြင်းမှ သိခြင်းသို့ (သို့မဟုတ်) သိခြင်းမှ မသိခြင်းသို့ ကျွန်တော် သိသလောက်ပြောရရင် -
                                                လူရယ်လို့ ဖြစ်လာရင် ဘယ်နေရာ ၊ ဘယ်ဒေသ ၊ ဘယ်လူမျိုး ၊ ဘယ်အသိုင်းအ၀ိုင်းမှာပဲ ဖြစ်ဖြစ် ခံစားမှုနဲ့ ပတ်သတ်ပြီးတော့ တစ်နည်းအားဖြင့် ပြောရရင် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ၊ ဆက်ဆံခဲ့ ဖူးသူတွေနဲ့ ပတ်သတ်ပြီး အသိအမြင် အမျိုးမျိုးတော့ ရှိကြမှာပဲ မဟုတ်လား ... ကိုယ့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ၊ ဆွေမျိုး ၊ ဆရာသမား ၊ မိဘညီအစ်ကိုမောင်နှမ စသည့်ဖြင့် ကျွန်တော်တို့ တွေ မြင်တွေ့ ဆက်ဆံ ရတဲ့ အတွေ အကြုံပေါ် မူတည်ပြီး အမြင်တွေ သဘောထားတွေ ကွဲလွဲကောင်း ကွဲပြားကောင်း ဖြစ်နေမယ် ဆိုတာ မငြင်းဘူး မဟုတ်လား ........အဲဒီလိုပဲ IQ အဆင့်အတန်းလဲ ကွာခြားလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်....ကျွန်တော် ကတော့ အခု အချိန်ထိ ကြိုးစားဆဲ လူငယ် တစ်ယောက်ပါ ..... လိုအပ်နေတာကို ဖြည့်ဆည်းရင်း တစ်ခါတစ်ခါ ဘ၀ဆိုတာ ဖြည့်တိုင်း မပြည့် ၊ လိုမြဲတိုင်း လိုနေတဲ့ အရာ တစ်ခုလို့ ကျွန်တော် မြင်လာမိတယ် ..... ပြီးပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ လူသားတစ်ယောက်အနေနဲ့ ရလာမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် နားလည်ထားပါတယ် .....

                ဒါပေမဲ့ ကျွန်တော် မသိတာတွေ ၊ မတတ်တာတွေ ၊ သတိမပြုမိတာတွေ အရမ်းများနေတယ်လို့ ခံစားမိပါတယ် .... ဘာကြောင့်လဲ ဆိုပြီးတော့ ကျွန်တော် ခဏခဏ အဖြေရှာဖူးပါတယ် .... လူဆိုတာ အတိုင်းအတာ ၊ စည်းဘောင်ထဲကနေ လုပ်ခွင့်ရတဲ့သူတွေများနေမယ် လို့တော့ ကျွန်တော် သိတယ် ... ဘယ်သူမှ အရာရာ တတ်မြောက်ကျွမ်းကျင်မယ် လို့တော့ ကျွန်တော် မထင်ပါဘူး .... အထွေထွေ ဗဟုသုတတော့ ရှိအောင်လုပ်ရင် ရှိမယ်လို့ ယူဆပါတယ် ..... လူသားတစ်ယောက်အတွက် အရာရာပြီးပြည့်စုံခြင်းအတွက် ခေါင်း (ဦးခေါင်း)မဆန့် လောက်ဘူး ထင်ပါတယ် .... ဟုတ်တယ်လို့ ခင်ဗျားရော မယူဆဘူးလား .... ကျွန်တော်ရော ခင်ဗျားပါ လူ့လောကမှာ တစ်ခုခုစီတော့ ထားခဲ့ချင်မှာပဲ .... ကျွန်တော်တို့ ရဲ့ ရှင်သန်ခြင်း ခရီးအဆုံးမှာပေါ့ .... ခင်ဗျားတို့တော့ လုပ်နေပြီ ၊ ဒါမှမဟုတ် လုပ်နေတယ် ထင်တယ် ..... ကျွန်တော်ကတော့ အခုမှ စပြီး လမ်းစရှာနေတုန်းပါပဲ ...... ဒီကမ္ဘာကြီးကတော့ ဆက်ရှိနေမှာပဲ ကျွန်တော်တို့ကသာ ရှင်သန်ခြင်း ခရီး အဆုံးရှိတာမဟုတ်လား ..... ဘုရားဟောခဲ့သလို ဖြစ်သမျှဟာ တစ်ချိန်ချိန်တော့ ပျက်စီးကြရမှာပဲ မဟုတ်လား .... ကမ္ဘာမြေရဲ့ အဆုံးသတ်ကတော့ ကျွန်တော်မသိနိုင်ပေမဲ့ ကမ္ဘာရဲ့ တစ်နေရာ တစ်ထောင့်မှာတော့ ကျွန်တော် တတ်စွမ်းသလောက်နဲ့ ဆက်လက်ရှင်သန်နေရမှာပဲ ဆိုတာကိုတော့ သိထားပါတယ် ....

                 ကျွန်တော်မသိလို့ ခင်ဗျားတို့ကို မေးပါရစေ ..... ဖြေပေးကြည့်ပါလား ..... လူသားတစ်ယောက် ဖြစ်လာပြီး ရှင်သန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်က ဘာများလဲလို့လေ .... ဒီလိုမေးလို့ ကျွန်တော်ကို လမ်းပျောက်ပြီး ယောင်တောင်တောင်ဖြစ်နေတဲ့ သူတစ်ယောက်လို့ ထင်နိုင်ပါတယ် .... ကျွန်တော် ပြောခဲ့ပြီးပြီပဲ အခုမှ လမ်းစရှာနေတာပါလို့လေ .....

ကဗျာတစ်ပုဒ်လိုပါပဲ ကာရံတော့ မညီခဲ့ဘူးပေါ့ဗျာ



                                            " ကာရံမဲ့  နာရီသံလေးများမှ "

                              ...နုနယ်တဲ့  ကမူးရှုးထိုး မျှော်လင့်ခြင်းမှာ
                                စွန်းပေခဲ့တဲ့  ခြေဦးတည်ရာ  လေလွှင့်ခြင်းတွေ
                                ကြားလိုက်မိတဲ့   နာရီစည်းချက်သံလေး..
                                ဝေးခဲ့ပြီတဲ့ကွယ်......။

                             ...နှစ်ခြိုက်ခဲ့တဲ့...ပန်းစပယ်လေးရယ်
                                နမ်းရှိုက် အားဖြည့်လို့ ခရီးဆက်မယ် ပြင်တုန်းပဲ
                               လက်မကမ်းခင်  ရှောင်ဖယ်တိမ်းလို့
                               တစ်ယောက်သောသူ အတွက် ယိမ်းခဲ့ပြီလားကွယ်.....။

                             ...ဝေခွဲမရတဲ့ ခံစားချက်နဲ့ နပန်းလုံးရင်း
                                ဟာတာတာ နှလုံးသားကို အိပ်ဆေးတိုက်လို့
                                ဝေးသထက်ဝေးအောင်  လွှင့်ပစ်မိတယ်
                                ပြန်ချိန်ရောက်မှ  ပြန်ခဲ့ကွယ်......။

                            ... အခုတော့ ...ထုံဆေးလည်းထိ အိပ်ဆေးလည်းမိထားတဲ့
                               နှလုံးသားနဲ့ ချစ်ခြင်းတရားကို ခံစားကြည့်တော့
                               ငါ ဟာ ကျောက်ရုပ်လို ဖြစ်ခဲ့ပြီပေါ့.......။
                          
                           ... ပန်းလေးတွေရဲ့ အလှတရားကို ပြန်လည်ခံစားဖို့
                               ကျောက်သား ရင်ဘတ်ထဲက ကြင်နာခြင်းတွေ
                                ညှစ်ချလို့ အားမွေးနေရတယ်....။

                           ... အတွေးလွန်တဲ့ အသိက နှလုံးသားကို
                              ဘောင်ထဲပါ ထည့် သော့ နဲ့ ပါခတ်ထားလိုက်တယ်....။
                          
                           ... ဒီလိုနဲ့ ...အသံကြားရာ နားစွင့်မိတယ်
                               မင်း သိခဲ့တာ ကျန်ခဲ့ပြီတဲ့.....နာရီစည်းချက်...လိုပဲတဲ့...။

                           ... ကြား...ကြားမိနေတဲ့  နာရီစည်းချက်တွေထဲ
                               ရွက်နုတွေလဲ... ရင့်ရာမှ ၀ါလို့ကြွေ....
                               နုနယ်ခြင်းတွေလဲ...တမျိုးမျိုးနဲ့  ရင့်ကျက်လို့နေ.....။

                          ... အရိပ်တွေလဲ ... မြေခလို့ အတိတ်မှာမြန်း...
                              ပန်းတွေလဲ နွမ်း...စမ်းတွေလဲ ခမ်း...
                              မနက်ခင်းတိုင်းရဲ့ မနက်ဖြန်တိုင်းမှာ
                              နုပျိုခြင်းတွေ အစားထိုးလို့ ....လန်းနေခဲ့ပြီ........။

                          .... လိုချင်ခဲ့တဲ့ ...  ကြင်နာခြင်း ခံစားချက်လဲ
                             နာရီစည်းချက်သံထဲ ....  ပျောက်ကွယ်.....
                             အတိတ်က...အရိပ်တွေလဲ  အိမ်မက်ထဲက
                             ကြည့်ရတဲ့ ပန်းချီကားပမာ...ဝေေ၀၀ါးဝါး ကျန်နေခဲ့ပြီ.......။

                          ...  ပုံမှန်မဟုတ်ခဲ့တဲ့ ... လျှောက်လှမ်းဆဲနေ့တွေဟာ
                               နေ၀င်ချိန် ...  အိမ်ပြန်ငှက်တွေနဲ့ အတူ
                               အိပ်စက်...နေခဲ့ပြီ...
                              မနက် မိုးသောက် ရောင်နီလာချိန်အထိ တိုင်အောင်ပေါ့.......။

                           .... ဒီလို ...ဒီလိုနဲ့ပဲ
                               မြူနှင်း ၊ မိုးစက် ၊ ပူလောင်ခြင်းတွေကြား
                               နေ၀င် နေထွက် ... နာရီသံစည်းချက်များထဲ
                                 ... ကာရံ...ကာရန်... ကာရံ...
                               တွေကို  ရှာဖွေလို့ ..... ရှာနေမိတော့......။

                            .... သတိလက်လွတ်နဲ့ ... ငါ...
                               ခလုတ်တိုက်လို့  ..... ကြည့်မိတယ်....
                            .... ယခု အချိန် ပစ္စုပ္ပန်ကို ပြပေးနေတဲ့ ....ကာရံမဲ့ နာရီလေးပဲပေါ့......။
                      
                                                                                                           (2.9.2007) မှ......
                                                                                                                                                          

                           
                            
                                ကျွန်တော်က လူငယ်တစ်ယောက်ဆိုတော့ ခံစားချက်ကိုတော့ ကဗျာ စပ်တတ်ခဲ့ ပါတယ် .... ကာရံ ညီမညီတော့ မသိဘူးပေါ့ဗျာ... ဒါပေမဲ့ ကျွန်တော် သတိပြုမိခဲ့တယ် ကုန်လွန်ခဲ့တဲ့ အချိန်တွေအကြောင်းပေါ့ ... ဒါကြောင့် ကျွန်တော် ရှေ့ပဲ ဆက်တော့မယ် ... နောက်ပြန်မကြည့်တော့ဘူး...

ကျွန်တော် အရာရာကို တတ်သိချင်တယ် ပြီးတော့ ဝေမျှချင်တယ်

ကျွန်တော် အရာရာကို တတ်သိချင်တယ် ပြီးတော့ ဝေမျှချင်တယ် ဒါပေမဲ့ လူ ဆိုတာက စွမ်းသလောက်သာ...လုပ်နိုင်တာ ဆိုတော့-
       အသိအမြင်ဆိုတာက ပတ်ဝန်းကျင် ၊ လူနေမှု ၊ အသိုင်းအ၀ိုင်း ၊ စရိုက်တွေ ပေါ်မှာ မူတည်ပြီး ဖြစ်လာတယ် လို့ ကျွန်တော် ထင်တယ် ... ဒါပေမဲ့ လွတ်လပ်မှု ရှိရင် အတွေး အမြင်တွေ ပို တောက်ပလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ် ... ခင်ဗျားရော အတူတူပဲ မဟုတ်လား ?
      ကျွန်တော်လဲ လူသားတစ်ယောက်ဆိုတော့ အမှားရော အမှန်ရော မကင်းခဲ့ပါဘူး ... ပြင်ဆင်ဖို့ အချိန်တွေ ရှိတယ်လို့ မြင်မိတယ်...အရာရာ ကိုတော့ ပြန်မပြင်ချင်တော့ပါဘူး ... တစ်ချို့ အမှားအယွင်းက နောင်တစ်ချိန်မှာ လွမ်းမောစရာလေးတွေ ဖြစ်နေမယ် ထင်လို့ပါပဲ

ကျွန်တော် မြင်မိသလောက် သိသလောက်





လေ့လာမိသလောက်ကို ပြောတာပါ



အရာရာ ကို အသေအချာ မသိသေးပေမဲ့ တစ်ချိန်တစ်ခါ သာ ဖြတ်သန်းခွင့်ရတာ လူ့ဘ၀ ဆိုတော့လဲ