Monday, September 10, 2012

ဖိုးကံကောင်း (ဟာသ)


*ဖိုးကံကောင်း *
လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း
ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။ "ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ
ဘာပြောသေးလဲ" ထီပေါက်သူက ဖြေသည်။ "ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ
ခုထိ စကားမပြောနိုင်သေးဘူး" သူငယ်ချင်းက ပြောသည်။ "ကြည့်စမ်း၊ ကြည့်စမ်း …
ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"

No comments:

Post a Comment