Monday, September 10, 2012

မေးသင့်တယ် (ဟာသ)



*မေးသင့်တယ်*
မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။
"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်" မိခင်ဖြစ်သူက
စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။ "သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ
ဝမ်းသာပျော်ရွှင်တဲ့ အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ
အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့" ချာတိတ်လေး
ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။ "မေမေ … သတို့သားကရော
ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"

No comments:

Post a Comment